ရှောင်ရာ ဆောင်ရာ
ရှောင်ရာ ဆောင်ရာ
ဘယ်အရာကိုမှခပ်ပေါ့ပေါ့မတွေးပါနဲ့။
ခပ်ပေါ့ပေါ့တွေးရင်ခပ်ပေါ့ပေါ့အတွေးသာရမယ်။
လေးလေးနက်နက်တွေးရင် လေးလေးနက်နက်အတွေးရမယ်။
ဘယ်အလုပ်ကိုမှ ခပ်ပေါ့ပေါ့မလုပ်ပါနဲ့။
ခပ်ပေါ့ပေါ့လုပ်ရင် ခပ်ပေါ့ပေါ့ရလဒ်တွေသာရမယ်။
လေးနက်နက်လုပ်ရင် တန်ဖိုးကြီးတဲ့ရလာဒ်တွေရမယ်။
နေ့စဉ်ဘဝကိုခပ်ပေါ့ပေါ့နေရင်း အချိန်မကုန်မိပါစေနဲ့။
ခပ်ပေါ့ပေါ့နေရင် ခပ်ပေါ့ပေါ့ဘဝဖြစ်သွားမယ်။
လေးလေးနက်နက်နေရင် လေးလေးနက်ဘဝဖြစ်မယ်။
ခပ်ပေါ့ပေါ့တွေး ခပ်ပေါ့ပေါ့လုပ် ခပ်ပေါ့ပေါ့နေပါများရင်
ခပ်ပေါ့ပေါ့နဲ့နေ့ရက်တွေကုန်ဆုံးသွားပြီးဘဝဟာအဓိပ္ပါယ်မဲ့သွားမယ်။
မေတ္တာဖြင့်
ဓမ္မခရီးဖော်
18/04/2016